အိမ်လွမ်းသူလေးမှနွေးထွေးစွာကြိုဆိုပါတယ်ရှင့်

Subscribe

RSS Feed (xml)



Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Sunday, June 27, 2010

မေမေရဲအချစ်ဆုံးသမီးလေးသို့

သမီးလေးရေ....မေမေလေသမီးလေးကို ကိုယ်ဝန်စရှိလာကတည်းက မေမေမွေးမယ့်ကလေးဟာ သမီးလေးဖြစ်မယ်ဆိုတာ စိတ်ထဲမှာ အလိုလိုသိနေခဲ့မိတယ်သမီးရယ်..အဲဒါဟာလဲ သမီးလေးနဲ မေမေဟာစိတ်ချင်းဆက်နွယ်နေတယ်ဆိုတာကို မေမေယုံတယ်သမီး...မေမေဟာသမီးလေးကိုမွေးမယ့်နေမှာ..အရမ်းကိုပျော်နေခဲ့မိတယ်..သမီးလေးကိုအရမ်း မြင်ချင် နေတာကိုး..သမီးလေးက အဖေနဲတူမလား အမေနဲတူမလားဆိုတာကိုးလေး..သမီးဖေဖေလဲ အဖေနဲထပ်တူပဲပေါ့..သမီးကိုမွေးမယ့်နေမှာလေ အမေတစ်နေကုန် ဗိုက်နာနေပြီးတော့ အိပ်လဲ အိပ်မရ..ထိုင်လဲထိုင်မရနဲပေါ့...အဲချိန်မှာမေမေက ဆေးရုံကိုရောက်နေပြီလေ..မလေးရှားကွမ်လာလမ်ပူဆေးရုံးကြီးမှာပေါ့ သမီးရယ်..အဲနောက်မှာပဲ ညဘက်ရောက်တော့ ဗိုက်အရမ်းနာလာတော့ မွေးခန်းထဲကို ည ၁ နာရီမှာဆရာဝန်တွေကခေါ်သွားတယ်..အဲမှာပဲ မွေးခန်းထဲမှာ နာနေရောပေါ့...အရမ်းနာတယ် သမီးလေးရယ်..ဒါပေမယ့် ပြောစရာက ဗိုက်အရမ်းနာပေမယ့် မေမေမျက်ရည်တစ်စက်မှ မကျခဲ့ဘူး..အဲဒါဟာ သမီးလေးက အမေ့ကိုပေးခဲ့တဲ့ ခွန်အားတွေပဲလို့ မေမေထငင်တယ်..တကယ်လဲဟုတ်တယ်လေ..သမီးလေးကို မေမေ တနလာနေ့ မနက် ၄း၅၄ နာရီမှာပဲ အောင်မြင်စွာမွေးထုတ်နိုင်ခဲ့တယ်သမီး..သမီးလေးကို မြင်လိုက်ရတာနဲ့မေမေလေ အရမ်းကို ပီတိဖြစ်တယ်..မေမေနာခဲတာတွေ အကုန်လုံးပျောက်ကုန်ရော..အမေလေ ခွန်အားတွေအများကြီးရလာတယ်..သမီးလေး အနာဂတ်အတွက် အကောင်းဆုံးမိခင်ကောင်းတစ်ယောက်ဖြစ်စေရမယ်လို့သမီးလေး....သမီးဖေဖေလဲ သမီးလေးကိုချစ်လိုက်တာတုန်ရောကွယ်..သမီးလေးကိုလေ မေမေ ၇ ရက်နေ၊ ဂျွန်လ ၂၀၁၀ မနက် တနလာနေမှာမွေးတယ် သမီးလေးရယ်.........်

Sunday, September 6, 2009

ဟော...အဲဒီဘုရား တစ်ဆူကတော့ ထားဝယ်မြို့ပေါ်မှာ တည်ရှိတဲ့ တန်ခိုးကြီး ဘုရား တစ်ဆူဖြစ်တဲ့ လောကမာရဇိန်ဘုရားကြီးဖြစ်ပါတယ်။ ထားဝယ်သူ ထားဝယ်သား တွေ ခေါ်ဆိုတာကတော့ ဘုရားကြီးပေါ့...အဲဒီဘုရားဟာ အလွန်ကိုကြည်ညှိလေးစား ဖွယ် ရာတစ်ခုဖြစ်ပါတယ်။ နံနက်စောစော တွင် ထားဝယ်သူ ထားဝယ်သားများဟာ ဘုရား ကြီးဝင်းအတွင်း ဌက်ကလေးများကို အစာကျွေးခြင်းများကို ပြုလုပ်ပြီး ကုသိုလ် ယူခဲ့ကြပါတယ်။ ညနေခင်းဘက်မှာ ကျတော့ ကလေးတွေ လူကြီးတွေဟာ ကျောင်းပြန်၊ ကျူရှင် ပြန်တဲ့ အချိန်မှာ မ၀င်မဖြစ်ဝင်ရောက်ပြီး ဖူးမျှော်ခဲ့ကြ ပါသေးတယ်။ အဲဒီ ဘုရားကြီးကို ထားဝယ်သို့လာလည်သူ ပေါင်းမြောက်မြားစွာ ရောက်အောင်သွားတတ်ကြတဲ့ လောကမာရဇိန် ဘုရားကြီးတစ်ဆူ ဖြစ်ပါတယ်။ ဘုရားကြီးကိုရောက်ရင် ကျောက်တုံးတစ်တုံးကို ဘယ်လောက် မနိုင်သလဲ ဘယ်အဆင့်ထိရောက်အောင် သယ်နိုင်လဲ ဆိုတာကိုလဲ လုပ်သွးဖို့ မမေ့ကြနဲ့အုံးနော်..ဆုတောင်းပြည့်တာပေါ့......ရိုသေစွာဖြင့်..
အဲဒါလေးကတော့ ထားဝယ်မြို့ရဲ့ ကမ်းခြေတစ်ခုဖြစ်တဲ့ မောင်းမကန် ကမ်းခြေရဲ့ အလှအပလေးကို ခံစားရင်း ထားဝယ်သူလေး တွေဟာ ကိုယ့်ရဲ့ ရိုးရာ ဓလေ့ကို ထုတ်ဖော် ပြသရင်း ပျော်ရွင် အေးခြမ်းစရာ ကောင်းတဲ့သူတို့လေးတွေရဲ့ သဘာဝလေးတစ်ခုပါပင်..။ မောင်းမကန် ကမ်းခြေဟာ ထားဝယ်မြို့ရဲ့ ကျက်သရေ ဂုဏ်ဆောင် တစ်ခုဖြစ်သလို ထားဝယ်ယဉ်ကျေးမှု အစဉ်အလာ တစ်ခုသည်လဲ ထားဝယ် လူမျိုးတို့ရဲ့ တန်ဖိုးထားစရာ တစ်ခုဖြစ်ပါတယ်။ ၀တ်စားဆင်ယင်ပုံ၊ စကား အပြော အဆိုလေးတွေဟာ ထားဝယ်သူ ထားဝယ်သားတို့၏ ချစ်ခင် ဖွယ် ရာတစ်ခု ပါပင်လေ။

Tuesday, September 1, 2009

အိမ်အကြောင်း..

အိမ်ဆိုတာ..တဲအိမ်ပဲဖြစ်ဖြစ်..တိုက်အိမ်ပဲဖြစ်ဖြစ်..ကိုယ်နေတဲ့နေရာဟာ ကိုယ်ရဲ့ အိမ်ပဲပေါ့..အဓိက အိမ်တစ်လုံးဖြစ်လာပြီဆိုရင်..မီးဖိုဆောင် ဧည့်ခန်း အိမ်သာ ရေချိုးခန်း အိပ်ယာ အကုန်လုံးပါတာပဲလေနော...အဲတော့ အဲဒီအိမ်လေးမှာနေတဲ့သူတွေ အားလုံး ကလည်း ကိုယ့်အိမ်လေးကို သာယာလှပအောင် သန့်ရှုင်းအောင် အမျိုးမျိုး ဖန်တီးကြတာပဲ မဟုတ်လား..တစ်နေ တစ်နေ့ လူတွေမှာ အလုပ်ကိုယ်စီ ရှိကြတယ်လေ...ကလေးဆိုလည်း ကျောင်းသွားပေါ့..အဲလိုပဲ မနက်ပိုင်းဆိုရင် အလုပ်ကိုယ်စီနဲ့ ထွက်သွားကြရတာပဲ မဟုတ်လား..အဲတော့ တစ်နေကုန် ပင်ပန်းနွမ်းနယ်ထားသမျှ ကိုယ့်အိမ်လေးမှာပဲ လာနားချင်ကြတယ်လေ..အဲတော့ ကိုယ့်အိမ်လေးက ကိုယ်အိမ်ပြန်ရောက်ရင် သာယာစိုပြေပြီးတော့ နွေးထွေးမှုဆိုတာ ရကြတာပဲ..အဲတော့ လူတိုင်းလူတိုင်းမှာ အိမ်လေးဟာ အရေးကြီးဆုံး ဖြစ်ပါတယ်....အဲတော့..ဟိုးငယ်ငယ်ကလေးကတည်းက နေလာခဲ့တဲ့ ကိုယ့်အိမ် ကိုယ်နေရာ ကိုယ့်တိုင်းပြည် နဲ့ အဝေးဆုံးကို ရောက်နေကြတဲ့ ညီအစ်ကိုမောင်နှစ်မ တွေလဲ အဲလိုပဲပေါ့..ကိုယ့်အိပ်ယာလေး ကိုယ်နေခဲ့တဲ့ ကိုယ်ဖြတ်သန်းခဲ့တဲ့ နေရာလေး ကိုပဲတမ်းတမိမှာအမှန်ပါ...အဲတော့...စိတ်ပျော်ရွင်ရာ..စိတ်ကျေနပ်ရာ..အင်တာနက်ဆိုတာ ရှိလာတော့လဲ ပျော်စရာတစ်မျိုးပဲပေါ့နော်.တခြားဟာတွေကတော့ ထားလိုက်ပါတော့..အဲတော့ ကိုယ့်စိတ်ချမ်းသာ လွတ်လပ်မှု လွတ်လပ်ဖို့အတွက် ဘလော့လေးမှာ ခံစားရ တာလေးတွေ အမျိုးမျိုး အဖုံဖုံရေး နိုင်လာတယ်။ လုပ်နိုင်လာကြတယ်လေ..အဲတော့ အိမ်လွမ်းသူလဲ အိမ်ကို လွမ်းတဲ့အကြောင်း တင်ပြရတော့တာပေါ့....ဟဲဟဲ...အဲတော့အိမ်ဆိုတာ...နွေးထွေးမှုတွေပေးနိုင်တဲ့နေရာ ဟာလဲ အိမ်ပဲတဲ့...

အိမ်လွမ်းသူလေး အကြောင်း...

ဟောဒီက အိမ်လွမ်းသူလေးဟာ..ထားဝယ်မလေး တစ်ယောက်ဖြစ်ပါတယ်ရှင့်..ထားဝယ်ကို အရမ်းပြန်ချင်နေပေမယ့်..ပြန်ခွင့် မရသေး လို့ အိမ်ကိုလွမ်းရင်းနဲ့ အဲဒီနာမည်လေးကို ပေးလိုက်တာပါ....ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံမှာ နေခွင့်မရတဲ့ အိမ်လွမ်းသူလိုပဲ ညီအစ်ကို မောင်နှမ မိတ်ဆွေများအားလုံးကို..ချစ်ခင်လေးစားသော အားဖြင့်...အဲဒီဘလော့လေးကို လုပ်ဖြစ်တာပါ.....အိမ်ကို လွမ်းနေတဲ့ သူတိုင်း.. အိမ်လွမ်းသူလေးကို သတိရပါလို့နော်....

Friday, August 21, 2009

တမ်းတခြင်းသို့အမေရယ်..

အမေ..အမေလို့
ထပ်ခါ ထပ်ခါ ခေါ်နေမိလည်း
ဘယ်ဆီမှာမှန်း
မသိပါသူလေ.....
ရင်မှာခြောက်ခြား
လွမ်းဆွတ်မှုတွေ ရင်မှာများပြားလို့
အမေကို တမ်းတမိတယ် အမေ...
နက်ရိုင်းတဲ့အနမ်းတစ်ခု
ငါ့ရင်မှာစွဲကျန်ခဲ့
အမေရဲ့မေတ္တာ
တမ်းတနေမိပြီ အမေရေ...
အေးမြသော ရင်ခွင်
ပူလောင်သော အရာတစ်ခု
အစားထိုးမရတဲ့ အမေ့ရင်ခွင်
ပြန်လိုချင်နေမိတယ်..မေမေရယ်

လွမ်းတယ်...

ရာသီစက်ဝိုင်း
ကုန်ဆုံးခဲ့ပြီ
ချစ်တဲ့ စိတ်လည်း
ကြွေကျကုန်ပြီ
လွမ်းတဲ့စိတ်လည်း
အရည်ပျော်ပြီ
နာရီတွေဟာ
စက်ဝိုင်းလေးလို
မရပ်မတန့်သွားနေဆဲ
ချစ်တဲ့စိတ်က
စက္ကန့်လက်တံလေးလို ပြေးလွှားဆဲ
သို့ပေမယ့်လည်း
လွမ်းတဲ့စိတ်ကြောင့်
အရည်တွေပျော်ကုန်ပါပြီ သူလေးရယ်..