အိမ်လွမ်းသူလေးမှနွေးထွေးစွာကြိုဆိုပါတယ်ရှင့်

Subscribe

RSS Feed (xml)



Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Tuesday, September 1, 2009

အိမ်အကြောင်း..

အိမ်ဆိုတာ..တဲအိမ်ပဲဖြစ်ဖြစ်..တိုက်အိမ်ပဲဖြစ်ဖြစ်..ကိုယ်နေတဲ့နေရာဟာ ကိုယ်ရဲ့ အိမ်ပဲပေါ့..အဓိက အိမ်တစ်လုံးဖြစ်လာပြီဆိုရင်..မီးဖိုဆောင် ဧည့်ခန်း အိမ်သာ ရေချိုးခန်း အိပ်ယာ အကုန်လုံးပါတာပဲလေနော...အဲတော့ အဲဒီအိမ်လေးမှာနေတဲ့သူတွေ အားလုံး ကလည်း ကိုယ့်အိမ်လေးကို သာယာလှပအောင် သန့်ရှုင်းအောင် အမျိုးမျိုး ဖန်တီးကြတာပဲ မဟုတ်လား..တစ်နေ တစ်နေ့ လူတွေမှာ အလုပ်ကိုယ်စီ ရှိကြတယ်လေ...ကလေးဆိုလည်း ကျောင်းသွားပေါ့..အဲလိုပဲ မနက်ပိုင်းဆိုရင် အလုပ်ကိုယ်စီနဲ့ ထွက်သွားကြရတာပဲ မဟုတ်လား..အဲတော့ တစ်နေကုန် ပင်ပန်းနွမ်းနယ်ထားသမျှ ကိုယ့်အိမ်လေးမှာပဲ လာနားချင်ကြတယ်လေ..အဲတော့ ကိုယ့်အိမ်လေးက ကိုယ်အိမ်ပြန်ရောက်ရင် သာယာစိုပြေပြီးတော့ နွေးထွေးမှုဆိုတာ ရကြတာပဲ..အဲတော့ လူတိုင်းလူတိုင်းမှာ အိမ်လေးဟာ အရေးကြီးဆုံး ဖြစ်ပါတယ်....အဲတော့..ဟိုးငယ်ငယ်ကလေးကတည်းက နေလာခဲ့တဲ့ ကိုယ့်အိမ် ကိုယ်နေရာ ကိုယ့်တိုင်းပြည် နဲ့ အဝေးဆုံးကို ရောက်နေကြတဲ့ ညီအစ်ကိုမောင်နှစ်မ တွေလဲ အဲလိုပဲပေါ့..ကိုယ့်အိပ်ယာလေး ကိုယ်နေခဲ့တဲ့ ကိုယ်ဖြတ်သန်းခဲ့တဲ့ နေရာလေး ကိုပဲတမ်းတမိမှာအမှန်ပါ...အဲတော့...စိတ်ပျော်ရွင်ရာ..စိတ်ကျေနပ်ရာ..အင်တာနက်ဆိုတာ ရှိလာတော့လဲ ပျော်စရာတစ်မျိုးပဲပေါ့နော်.တခြားဟာတွေကတော့ ထားလိုက်ပါတော့..အဲတော့ ကိုယ့်စိတ်ချမ်းသာ လွတ်လပ်မှု လွတ်လပ်ဖို့အတွက် ဘလော့လေးမှာ ခံစားရ တာလေးတွေ အမျိုးမျိုး အဖုံဖုံရေး နိုင်လာတယ်။ လုပ်နိုင်လာကြတယ်လေ..အဲတော့ အိမ်လွမ်းသူလဲ အိမ်ကို လွမ်းတဲ့အကြောင်း တင်ပြရတော့တာပေါ့....ဟဲဟဲ...အဲတော့အိမ်ဆိုတာ...နွေးထွေးမှုတွေပေးနိုင်တဲ့နေရာ ဟာလဲ အိမ်ပဲတဲ့...

1 comment:

  1. အိမ်နဲ့ဝေးနေတဲ့သူတွေကို ပိုလွမ်းအောင် ရေးထားသလိုပါပဲ...

    ReplyDelete