အိမ်လွမ်းသူလေးမှနွေးထွေးစွာကြိုဆိုပါတယ်ရှင့်

Subscribe

RSS Feed (xml)



Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Sunday, June 27, 2010

မေမေရဲအချစ်ဆုံးသမီးလေးသို့

သမီးလေးရေ....မေမေလေသမီးလေးကို ကိုယ်ဝန်စရှိလာကတည်းက မေမေမွေးမယ့်ကလေးဟာ သမီးလေးဖြစ်မယ်ဆိုတာ စိတ်ထဲမှာ အလိုလိုသိနေခဲ့မိတယ်သမီးရယ်..အဲဒါဟာလဲ သမီးလေးနဲ မေမေဟာစိတ်ချင်းဆက်နွယ်နေတယ်ဆိုတာကို မေမေယုံတယ်သမီး...မေမေဟာသမီးလေးကိုမွေးမယ့်နေမှာ..အရမ်းကိုပျော်နေခဲ့မိတယ်..သမီးလေးကိုအရမ်း မြင်ချင် နေတာကိုး..သမီးလေးက အဖေနဲတူမလား အမေနဲတူမလားဆိုတာကိုးလေး..သမီးဖေဖေလဲ အဖေနဲထပ်တူပဲပေါ့..သမီးကိုမွေးမယ့်နေမှာလေ အမေတစ်နေကုန် ဗိုက်နာနေပြီးတော့ အိပ်လဲ အိပ်မရ..ထိုင်လဲထိုင်မရနဲပေါ့...အဲချိန်မှာမေမေက ဆေးရုံကိုရောက်နေပြီလေ..မလေးရှားကွမ်လာလမ်ပူဆေးရုံးကြီးမှာပေါ့ သမီးရယ်..အဲနောက်မှာပဲ ညဘက်ရောက်တော့ ဗိုက်အရမ်းနာလာတော့ မွေးခန်းထဲကို ည ၁ နာရီမှာဆရာဝန်တွေကခေါ်သွားတယ်..အဲမှာပဲ မွေးခန်းထဲမှာ နာနေရောပေါ့...အရမ်းနာတယ် သမီးလေးရယ်..ဒါပေမယ့် ပြောစရာက ဗိုက်အရမ်းနာပေမယ့် မေမေမျက်ရည်တစ်စက်မှ မကျခဲ့ဘူး..အဲဒါဟာ သမီးလေးက အမေ့ကိုပေးခဲ့တဲ့ ခွန်အားတွေပဲလို့ မေမေထငင်တယ်..တကယ်လဲဟုတ်တယ်လေ..သမီးလေးကို မေမေ တနလာနေ့ မနက် ၄း၅၄ နာရီမှာပဲ အောင်မြင်စွာမွေးထုတ်နိုင်ခဲ့တယ်သမီး..သမီးလေးကို မြင်လိုက်ရတာနဲ့မေမေလေ အရမ်းကို ပီတိဖြစ်တယ်..မေမေနာခဲတာတွေ အကုန်လုံးပျောက်ကုန်ရော..အမေလေ ခွန်အားတွေအများကြီးရလာတယ်..သမီးလေး အနာဂတ်အတွက် အကောင်းဆုံးမိခင်ကောင်းတစ်ယောက်ဖြစ်စေရမယ်လို့သမီးလေး....သမီးဖေဖေလဲ သမီးလေးကိုချစ်လိုက်တာတုန်ရောကွယ်..သမီးလေးကိုလေ မေမေ ၇ ရက်နေ၊ ဂျွန်လ ၂၀၁၀ မနက် တနလာနေမှာမွေးတယ် သမီးလေးရယ်.........်

No comments:

Post a Comment